Burmese transcript of AEDC family awareness video

Transcript of Awareness for Families video (3:03)

Narrator

ဩစတြေးလျ၏ ရှေးဦးလူဦးရေ ဖွံ့ဖြိုးတိုးတက်မှုစစ်တမ်း (AEDC)

ဆိုသည်မှာ တစ်ပြည်လုံးတွင်ရှိသော

ရှေးဦးကလေးသူငယ်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ

အချက်အလက်စုဆောင်းထားမှုကို ဆိုလိုပါသည်။

ဆရာ၊ဆရာမများအနေဖြင့် သြစတြေးလျ၏

ရှေးဦး ဖွံ့ဖြိုးတိုးတက်မှုပြဌာန်းချက်အား ကလေးသူငယ်များ

အတွက် သုံးနှစ်တစ်ကြိမ် ပထမ စာသင်နှစ်တွင် ဆောင်ရွက်ပါသည်။

သြစတြေးလျ ၏ ရှေးဦး ဖွံ့ဖြိုးတိုးတက်မှုပြဌာန်းချက်သည်

အောက်ပါ အချက်များဖြင့်

ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအား တိုင်းတာပါသည်-

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်မှု၊ လူမှုဆက်ဆံရေးစွမ်းရည်၊ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု၊

ဘာသာစကား နှင့် သိမြင်မှုစွမ်းရည်များ (ကျောင်းတွင်း)

ပြောဆိုဆက်ဆံရေးစွမ်းရည်များနှင့် အထွေထွေဗဟုသုတ။

မူကြိုဆရာ၊ဆရာမများသည် စာသင်ချိန်အတွင်း

ကလေးများအတွက် ၎င်းတို့၏စာသင်ခန်းအတွင်း

လေ့လာစူးစမ်းမှုများအပေါ် အခြေခံ၍

ပြဌာန်းချက်များအား လုပ်ဆောင်ကြပါသည်။

အေအီးဒီစီ (AEDC) သည် အကဲဖြတ်စစ်ဆေးမှု တစ်ခုမဟုတ်ပါ။

ထို့အပြင် စုဆောင်းထားသောအချက်အလက်များကို ယခု

သို့မဟုတ် နောင်အနာဂတ်တွင်လည်း အသုံးပြုသွားမည်မဟုတ်ပါ။

အေအီးဒီစီ (AEDC) အချက်အလက်သည်

ကျန်းမာရေး၊ပညာရေး နှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာမူဝါဒ

ဖွံ့ဖြိုးတိုးတက်မှု နှင့် ရေးဆွဲမှုဆိုင်ရာ အချက်အလက်များ ကိုထောက်ပံ့ပေးသည်။

စုဆောင်းထားသောအချက်အလက်များမှာ ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများအား

ထောက်ပံ့ရန်အတွက် ကောင်းမွန်စွာလုပ်ဆောင်နေသည့်အပိုင်း

နှင့် တိုးတက်အောင်လုပ်ဆောင်ရမည့်အပိုင်းများကို ဖော်ပြပါသည်။

အေအီးဒီစီ (AEDC) အနေဖြင့် ပညာသင်နှစ်များတစ်လျှောက်

စာတတ်မြောက်မှု နှင့် အတွက်အချက်ပိုင်းတွင်

အောင်မြင်မှုရရှိရေး ညွှန်ပြမှုများအား ဆောင်ရွက်ပေးပါသည်။

အေအီးဒီစီ (AEDC) သည် ကျောင်းရှိကလေးသူငယ်များ သက်ဆိုင်ရာနယ်ပယ်များတွင်

မည်ကဲ့သို့ဖွံ့ဖြိုးတိုးတက်နေကြောင်းကို

ပြသပေးနိုင်ပြီး သတင်းအချက်အလက်များကို

တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်

မဟုတ်ဘဲ အုပ်စုလိုက်သာ ဖော်ပြပေးသည်။

အေအီးဒီစီ (AEDC) သည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို

တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မဟုတ်ဘဲ အုပ်စုလိုက်သာ ထောက်ပံ့ပြသပေးသည်။

မှတ်တမ်းများကို ကျောင်း၊ ရပ်ကွက်၊ ပြည်နယ်

နှင့် နိုင်ငံတော်အဆင့်များအလိုက် ရရှိနိုင်ပါသည်။

ပြည်နယ်၊ရပ်ကွက် နှင့် နိုင်ငံတော်အဆင့်မှတ်တမ်းများကို

အများပြည်သူများအားလုံး ရရှိနိုင်ပါသည်။

ကျောင်းများသည် အချက်အလက်စုဆောင်းမှုပြီးစီးသည့်နောက်တွင်

မှတ်တမ်းအကျဥ်းချုံးအား ရရှိနိုင်ပါသည်။

သင့်ကလေး၏ အေအီးဒီစီ (AEDC)တွင် ပါဝင်မှုနှင့်ပတ်သက်သော

အချက်အလက်များကို စာသင်နှစ် ၁နှစ်

ပြီးဆုံးသည့်နောက်တွင် ကျောင်းမှ ထုတ်ပေးသွားမည်ဖြစ်သည်။

ဆရာ၊ဆရာမများကို သင့်ကလေးနှင့်ပတ်သက်သော

စစ်တမ်းကောက်မှုအားမလုပ်ဆောင်စေလိုပါက

ကျောင်းအုပ်ဆီသို့ ဆက်သွယ်ပြောဆိုနိုင်ပါသည်။

အေအီးဒီစီ (AEDC) စစ်တမ်းကောက်မှုရလဒ်များအား

မှတ်တမ်းအဆင့် သတ်မှတ်ချက်များအလိုက်

ရာခိုင်နှုန်းဖြင့် အကျဥ်းချုံး မှတ်တမ်းတင်ထားပါသည်။

ကျောင်းသား၊ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီ၏ အတွင်းရေး နှင့်

ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းကာကွယ်ပေးထားပါသည်။

ကျောင်းများအနေဖြင့် ကလေးသူငယ်များ၏ ကျန်းမာရေး နှင့်

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဥ်များကို ရေးဆွဲထားရန်လိုအပ်ပါသည်။

ရလဒ်များရရှိနိုင်ဖို့ သေချာစေရန် သင်၏ကလေးအား စစ်တမ်းကောက်ယူမှုတွင်

ပါဝင်နိုင်ကြောင်း မူကြိုဆရာ၊ဆရာမများကို ခွင့်ပြုချက် ပေးရန်လိုအပ်ပါသည်။

ကျောင်းများအားကူညီသည့်အနေဖြင့် လူမှုအသိုက်အဝန်းများ နှင့်

အစိုးရများသည် ကလေးများ၏ပထမဦးဆုံးသော စာသင်နှစ်တွင်

၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးရန် မည်ကဲ့သို့

အကောင်းဆုံး လုပ်ဆောင်ရမည်ကို နားလည်ပြီး ကလေးများ၊မိသားစုများ နှင့်

လူမှုအသိုက်အ၀န်းများအား အကောင်းဆုံးကူညီထောက်မ ရန်

နားလည်ထား၍ အစီအစဥ်ဆွဲထားရန် လိုအပ်ပါသည်။

ယခုအချိန်တွင် ကလေးသူငယ်များ၏ ကျန်းမာရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးခြင်းသည်

ယခင်ကထက်ပို၍ အလေးထားရမည့် အချက် ဖြစ်ပါသည်။

ထပ်ဆင့်အချက်အလက်များအား အေအီးဒီစီ (AEDC)

နိုင်ငံတော်ဝက်ဘ်ဆိုက်တွင် ရရှိနိုင်ပါသည်။

ထပ်ဆင့်မေးခွန်းများရှိပါက ကျောင်းအုပ်ကြီး နှင့် အေအီးဒီစီ (AEDC) ကျောင်း၏

ညှိနှိုင်းရေးမှူးဆီသို့ ပြောဆိုဆက်သွယ်နိုင်ပါသည်။

End of Transcript.

Return to top of page Back to top